မူဆယ်မြို့တွင် တရားစွဲဆိုခြင်းခံနေရသူ အချုပ်သား (၁၅) ဦးအား လွတ်ငြမ်းချမ်းသာခွင့်ပေး
Oct 20,2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၁၈၆/၂၀၂၁)၊ တရားရုံးတွင် ကြားနာစစ်ဆေး ဆဲအမှုများ ပိတ်သိမ်းအမိန့်အမှတ် (၁၈၇/၂၀၂၁) အရ ပုဒ်မ (၅၀၅) ဖြင့် ဖွင့်လှစ်ထားသော မူဆယ်မြို့ ရဲတပ်ဖွဲ့စခန်းအချုပ်ခန်းတွင် ထိမ်းသိမ်းထားသည့် တရားရုံး စစ်ဆေးဆဲ အမှုများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဖြင့်စိစစ်ပြီး လွှတ်ရမည့်သူများအား ပြန်လွှတ်ပေးခဲ့ရာ မူဆယ်အချုပ် ခန်းမှ (၁၅) ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါသည်။