သတင်းများ

ထားဝယ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရေးဆွဲပြုစုနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 21,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရေးဆွဲပြုစုနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သံတွဲမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2021
သံတွဲမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ သံတွဲ ဇွန် 21 သံတွဲခရိုင် သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို သံတွဲမြို့နယ် သံတွဲ-တောင်ကုတ်ကားလမ်းဘေးရှိ ပုရစ်နှင့်ရေကောက်ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ စုစုပေါင်းသစ်ပင် (၄၂၂၅) ခန့်ကို စိုက်ပျိုးနိုင်ခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် သံတွဲခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်း တို့က မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲတော်တွင်စိုက်ပျိုးရန်နှင့် လူထုဖြန့် ပျိုးပင်များပေးအပ်ရာ ကျေးရွာတာဝန်ခံများက လက်ခံရယူကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမောင်ရွှေနှင့်၊ အဖွဲ့ဝင်များ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ သံတွဲခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများစုစုပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊မန်ဂျန်ရှားအစရှိသည့် ပျိုးပင် ၄၂၂၅ပင် တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။ ယခုစိုက်ပျိုးရခြင်းမှာ နိုင်ငံတစ်ဝှမ်း စိမ်းလန်းစိုပြည်ရေး၊ သစ်တောဖုန်းလွှမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ခြင်းဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ရွှေဝါ၊ ခရေနှင့် မိုင်ဂျန်ရှား အစရှိသည့် ပျိုးပင် စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်ပြီး၊ ပေတစ်သောင်းခန့်အကွာအဝေးရှိ ရွာတွင်းလမ်းဘေး ဝဲယာတွင် ၁၇၀၀ ပင်၊ ပုရစ်နှင့်ရေကောက်ကျေးရွာ အိမ်းခြံဝင်းများအတွင်း တစစ်အိမ်လျှင် ၅ပင်နှုန်းဖြင်း ၂၃၀၅ ပင်တို့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်ထံ မှ သိရသည်။ ခရိုင်ပြန်/ဆက်
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ (၃၃)ဦးတွေ့ရှိ
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မြင်စိုင်းခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်ခရိုင် အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်ပြီး ပြည်သူ့ကျန်းများရေး ဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိစစ်ဆေးရာ ပိုးတွေ့လူနာ(၃၃)ဦး ရှိကြောင်း သိရှိရသည်။
ထန်းတပင်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်စိုပြေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ထန်းတပင်မြို့နယ် ကြို့ပင်သာကွက်သစ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာ‌နေမှု ရှိ/မရှိ စစ်ဆေး
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ယနေ့ နံနက်ပိုင်းက ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာ‌နေမှု ရှိ/မရှိ ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည် ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် "မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်" ကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ခန်းမအနီးရှိ သတ်မှတ် ကွင်းပြင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။