သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် အောက်ဆီဂျင်စက် ပွင့်ဖြူမြို့သို့ ရောက်ရှိလာပြီဖြစ်
Oct 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများ အောက်ဆီဂျင်လိုအပ်ပါက အခက်အခဲမရှိ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် အောက်ဆီဂျင် စက်ရုံ တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် အောက်ဆီဂျင်စက်မှာ ပွင့်ဖြူမြို့၊ အောက်ဆီဂျင်စက်ရုံအဆောက်အအုံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ရန်ကင်းမြို့နယ်တွင် ဆန်၊ ဆီနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Oct 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဘောက်ထော်ဈေးနှင့် ကဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ မြို့နယ်နေ ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ယနေ့နံနက်(၇)နာရီမှ စ‌တင် ရောင်းချပေးခဲ့သည်။
ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်၌ နေအိမ်မီးလောင်မှုဖြစ်ပွား
Oct 23,2021
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် မန်ကျည်းတောရပ် ဓမ္မာရုံ လမ်းနေ ဒေါ်မာမာစန်း(၅၂)နှစ် (ဘ)ဦးမြဟန်၏ နေအိမ်တွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲရှော့ဖြစ်ကာ အနီးရှိထရံမှတဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်
Oct 23,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်၌ ဒေသခံပြည်သူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးသည်။
ခဲမဖြူ​ကျေးရွာတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ​ကျေးရွာအ​ရောက် ကွင်းဆင်း​ ထိုးနှံ​ပေး
Oct 23,2021
ကယားပြည်နယ်၊​ ဘော်ာလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ​​ခဲမဖြူကျေးရွာတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး တစ်ကြိမ်မျှထိုးနှံရခြင်းမရှိ​သေးသည့်  ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်​ဆေး(ပထမ)အကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအသုတ် ထိုးနှံ​ပြီးသူများအား ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းကို ယ​နေ့နံနက်(၈)နာရီအချိန်က အဆိုပါကျေးရွာ​​ ကျေးလက်​ဆေးပေးခန်း၌   ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မှ ရိုးကုန်းကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်း ဆောင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ
Oct 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲက မုန်းရေချောင်းတိုက်စားမှုကြောင့် ကမ်းပါးပြို ကျမှုဖြစ်ပွားခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မင်းဘူး (စကု) မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံ
Oct 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-2 ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမနှင့် စကု(အ.ထ.က) ကျောင်းတို့တွင် ယမန်နေ့က (၈၄၈) ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်တွင် မွေးမြူထုတ်လုပ်ရေးအခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ များအား လေ့လာဆန်းစစ်နိုင်ရန် ကျွဲ၊ နွား၊ သိုးနှင့် ဆိတ် စစ်တမ်းများကောက်ယူ
Oct 23,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနအနေဖြင့် Australian Centre For International Agricultural Research- ACIAR စီမံကိန်းနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလတွင် မွေးမြူထုတ်လုပ်ရေး အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများအား လေ့လာဆန်းစစ်နိုင်ရန် ရည်ရွယ်၍ ကျွဲ၊ နွား၊ သိုးနှင့် ဆိတ် စစ်တမ်းများကို အောက်တိုဘာ ၈ ရက်မှ ၂၂ ရက်နေ့အထိ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။