ကျွန်းလှမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းလှ ဇွန် ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့တွင် ပျဉ်းမမြိုင် ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

          

 

“ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့် အိမ်ထောင်စုများ၊ နိုင်ငံ သားစိစစ်ရေး ကတ်ပြားမရှိသော ပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင်‌၂၀၂၁ ခုနှစ်၊မေလ(၃)ရက်နေ့မှစတင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါရပ်ကွက်လေးရပ်ကွက်နှင့် ကျေးအုပ်စု(၁၃)အုပ်စုမှ အိမ်ထောင်စု လူဦးရေ စာရင်း (၉၆)စု၊အသက် (၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂၇၆)ကတ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများကိုလည်း ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ကပြောကြားသည်။

         

အဆိုပါ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)