နတ်တလင်း ဇွန်၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်း ချက်များအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်၈နာရီအချိန်က နတ်တလင်းမြို့မစျေးကြီးနှင့်လူစည်ကားရာနေရာများတွင်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ စျေးမိ၊ စျေးဖများ၊ ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ စျေးရောင်း၊ စျေးဝယ်ပြည်သူများက Mask များ အခမဲ့ဖြန်ဝေခြင်း၊ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးခြင်း၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာရေးနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများ ကို နှာခေါင်းစည်း(Mask) ၇၀၀ ခုကို အခမဲ့ဖြန့်ဝေကြောင်းနှင့် စျေးတွင်း၊ စျေးပြင်ဆိုင်များမှ စေတနာ ရှင်များက အလှူငွေများ ထည့်ဝင်ကြပြီး အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ထားထားဦး