ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှု ပြန်လည်လျော့နည်းကျဆင်းလာ
Oct 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများပြီး တမံရေပိုလွှဲမှ ၈ ပေ ကျော်အထိ ရေကျော်ကျမှုများရှိခဲ့ပြီး ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာသဖြင့် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၅ ဒသမ ၂ ပေခန့်သာ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့်ထံက သိရသည်။