သတင်းများ

စုကလိမြို့တွင် စာဖတ်ဝိုင်း ဆောင်ရွက်
Jun 21,2021
ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်နှင့် စာပေသုတ၊ ရသအကြောင်းအရာများကို အသင်းအဖွဲ့နှင့် ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ) ရေးသားသော ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ် ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်အတွင်း ငါးမျိုးများ စိုက်ထည့်
Jun 21,2021
ငါးသံယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက ကော့သောင်းမြို့၊ အကျဉ်းဦးစီးဌာန၊ ကော့သောင်းအကျဉ်း ထောင်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူ၌ TSDP အရ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ၂၀၂၁ ခုနှစ်၊ ဓနုဖြူမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲနှင့် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Jun 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရေး ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာသံဖြူဇရပ် မြို့နယ်အတွင်းအမှတ် (၁) စျေးနှင့် စျေးအရှေ့ လူစည်ကားရာ နေရာတွင် (Mask Campaign) ပြုလုပ်ခဲ့သည်။
နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်၌ ၂၀၂၁ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2021
၂၀၂၁−ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြို့ကုန်းရပ်ကွက် ဘောလုံးကွင်းအနီး၌ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့ကန်တော်မင်္ဂလာ ၁ လမ်း အမှတ်(၁)တံတား ရာနှုန်းပြည့်ပြီးစီး
Jun 21,2021
 မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့မရပ်ကွက်၊ ကန်တော်မင်္ဂလာ (၁)လမ်းတွင် အများပြည်သူ သွားလာရေးလွယ်ကူစေရန်နှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှတ်(၁) Box Culvert တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။