ဆင်ပေါင်ဝဲ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦး စီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က ဆင်ပေါင်ဝဲမြို့နယ် တောညောင်ပင်သာကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအတွွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား( ၅ )ဦး၊ မ( ၇ )ဦး၊ စုစုပေါင်း (၁၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၁၂) ဦး၊ မ (၁၈) ဦး၊ စုစုပေါင်း (၃၀) ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း ၆၆/ ၆ ပြုလုပ်သူ(၂၅)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ ပျက်စီးသူများကို အသစ်ပြုလုပ်ခြင်း တို့အား အခမဲ့ဆောင်ရွက်ပေးခဲ့သည်၊၊
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ ဦးစီးအရာရှိ ဦးသိန်းလွင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည် ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည် ၊၊
ချိုချိုဝင်း