စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဉယျာဉ်တော် ကျေးရွာကွန်ကရစ်ခင်းခြင်း လုပ်ငန်း ၇၅ ရာနှုန်းပြီးစီး

စလင်း ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြိို့နယ်အတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဉယျာဉ်တော်ကျေးရွာနှင့် စလင်းမြို့သို့ဆက်သွယ်သည့်လမ်း ကွန်ကရစ်ခင်းလုပ်ငန်း ၇၅ ရာနှုန်းပြီးစီးပြီ ဖြစ်သည်။

အဆိုပါလမ်းမှာ အရှည်(၁၈၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈)လက္မရှိသော ကွန်ကရစ်ခင်းခြင်းဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၄၃ သိန်း ၃ သောင်းကျပ်ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ ၁၀ ရက်နေ့မှစတင်၍ တာဝန်ယူဆောင်ရွက်လျှက်ရှိရာ ယခုအခါ ပေ ၁၀၀၀ ခန့်ပြီးစီးပြီဖြစ်သည်။ မြို့နယ်စည်ပင် သာယာရေးကော်မတီအနေဖြင့် အများပြည်သူများ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်း၊ မိုးတွင်းကာလတွင် လမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိ ကြောင်းကို မြို့နယ်စည်ပင်သာယာရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးစိုးနိုင်ဦးထံမှ သိရသည်။

မောင်လွင်(စလင်း)