ရွှေဘို ဇွန်၂၁
စစ်ကိုင်းတိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြု လုပ်ခဲ့ရာ ပြိုင်ပွဲသို့ တိုင်းဒသကြီးအတွင်းမှ ခရိုင် ၁၁ ခရိုင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပထမဆုရ ရွှေဘိုခရိုင် အမျိုးသမီးဘောလုံးအသင်း၏ တံခွန်စိုက်ဒိုင်းဆုဖလားအား ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ထံသို့ အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အခက်အခဲများကြားမှ အားကစား စိတ်ဓာတ်အပြည့်အဝဖြင့်ကြိုးစားကာ ခရိုင်အတွက် တံခွန်စိုက်ဒိုင်းဆုရရှိအောင် ကြိုပမ်း ဆောင်ရွက် ပေးခဲ့ကြသော အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရွှေဘိုခရိုင် နှင့်မြို့နယ်တို့မှ အရာထမ်း အမှူထမ်း များ၊ ပြိုင်ပွဲဝင်ဘောလုံးကစားသမားများနှင့် နည်းပြများ၊ အုပ်ချုပ်သူများ အားဂုဏ်ပြုစကားများပြေကြားပြီးနောက် နည်းပြ၊အုပ်ချုပ်သူနှင့် အားကစားသမားများတစ်ဦးချင်းစီက အသီးသီး မိတ်ဆက် စကား ပြောကြားကြသည်။
ထို့နောက် ရွှေဘိုခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ပြိုင်ပွဲ မကျင်းပမီ လေ့ကျင့်ခဲ့မှုအခြေအနေများနှင့် ပြိုင်ပွဲတစ်လျှောက် ကြိုးပမ်းအားထုတ်မှု၊ ပြိုင်ပွဲဝင် ကစားသမားများ၏ စိတ်ဓာတ်နှင့်ပြိုင်ပွဲ အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းပြော ကြားပြီး နောက် တံခွန်ဒိုင်းဆုကြီးအား အပ်နှင်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ထပ်ဆင့် ဂုဏ်ပြုချီး မြှင့်ငွေကျပ် (၁၀)သိန်းကိုချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ရွှေဘိုခရိုင် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ၂၀၂၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ခရိုင်အလိုက် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်က မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ရွှေဘိုခရိုင်နှင့် ကသာခရိုင်အသင်း တို့ယှဉ်ပြိုင် ကစားခဲ့ကြရာ ရွှေဘိုခရိုင်အသင်းက ၁ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သဖြင့် ပွဲစဥ်တစ်လျှောက် ရှုံးပွဲမရှိ၊ ရဂိုး ၁၃ ဂိုး ပေးဂိုး မရှိဖြင့် တံခွန်စိုက်ဒိုင်းဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်း၊ ထို့အပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ကျောနံပါတ် (၉) မသဲအိဌေး က လည်းကောင်း၊ အကောင်းဆုံးနောက်တန်းဆုကို ကျောနံပါတ်(၁၇) မခက်ခက်ထွေး ကလည်းကောင်း၊ အသီးသီးရရှိခဲ့ကြပြီး တံခွန်စိုက်ဒိုင်း နှင့်ဆုချီးမြှင့်ပေးပွဲကိုမုံရွာမြို့၌ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြင့်နိုင်စိုး(ထီးလှိုင်မြေ)