ကျောက်တန်း ဇွန် ၂၁
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနမှ ထောက်ပံ့မှု၊ ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြဝင်းက အဖွင့် အမှာစကား ပြောကြားပြီး ကျောက်တန်း မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်ဦးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများက ရှေးဦးပြုစုခြင်းနှင့် ပတ်သက်ပြီး စာတွေ့လက်တွေ့ သင်ကြားပို့ချရာ သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၃) ရက်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း