ပြည်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာရုံးက ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ အောင်မြေသာမူလတန်းလွန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကွင်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဦးစီးအရာရှိ ဒေါ်မေခိုင်ဆက်တို့က " ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် မုန်တိုင်းဘေး အစရှိသော သဘာဝဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်း သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ယင်းတို့ကို မိမိတို့ပတ်ဝန်းကျင်တွင် ပြန်လည်မျှဝေနိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး ဗီဒီယိုဖိုင်ပြသခြင်းနှင့် ကျောင်းသား ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်ခရိုင်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင်လည်းအလားတူ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။

 

ကိုဆက်