ကျောက်မဲမြို့နယ်တွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jun 21,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အရ နိုင်ငံသား စိစစ်ရေးကတ်မရှိသေးသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ဇွန် ၂၀ ရက်နေ့က အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့် ဌာနဆိုင်ရာများရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ပိန္နဲကုန်းကျေးရွာအုပ်စုရှိ ပြည်သူများ အတွက် ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း နိုင်ငံစိစစ်ရေးကတ်ပြား များကွင်းဆင်း ဆောင်ရွက်ပေ ခဲ့ကြောင်း သိရသည်။