အောက်ဆီဂျင်စက်ရုံအတွက် အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် စပ်ဆက်ပစ္စည်းများ ထုတ်ယူလျက်ရှိ
Oct 23,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေး အတွက်၊ အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အောက်ဆီဂျင်စက်ရုံအတွက် အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် စပ်ဆက်ပစ္စည်းများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြတ်ကိုကိုနှင့် ဝန်ထမ်းများက လျှပ်စစ်မီးအသုံးပြုနိုင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်ထံက သိရသည်။