သတင်းများ

ပန်းတနော်မြို့တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အားကစားဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အသက်(၁၇) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ် နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မတ္တရာမြို့နယ်၌ လက္ကောင်းကြီးကျေးရွာ ကုန်ထုတ်လမ်း ၁၀၀ ရာခိုင်နှုန်းပြီးစီး
Jun 21,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လက္ကောင်းကြီးကျေးရွာ ကုန်ထုတ်လမ်း မြေသားတင် ဂျင်းခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်
Jun 21,2021
ကရင်ပြည်နယ်၊ မြဝတီမြို့နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ယမန်နေ့ ညနေ ၃နာရီ က  မြဝတီမြို့အမှတ်(၁)ရပ်ကွက်ရှိ လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။
ဒေသထွက်မျှစ်များကို ရာသီပေါ်စားသုံးနိုင်ရုံသာမက နွေရာသီနှင့် ဆောင်းရာသီတွင် စားသုံးနိုင်ရန် မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်များ ပြုလုပ်
Jun 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသအတွင်းရှိ ကျေးရွာများတွင် ယခုအခါ သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိသော ဝါးရုံများမှ မျှစ်များကိုစားသုံးရန်နှင့် မိသားစု ၀င်ငွေ ရရှိရန်အတွက် ချိုးယူရောင်းချလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
Jun 21,2021
ကရင်ပြည်နယ် ဘားအံမြို့၌ ဇွန်လ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသမီးဘောလုံးလက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ဇမိခန်းမ၌ ပြုလုပ်ကျင်းပသည်။
ညောင်တုန်းမြို့နယ်၌ ပညာရေးဝန်ထမ်းများအား ကိုဗစ်-‌၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ပညာရေးဝန်ထမ်းများအား ယမန်နေ့ နံနက် ၉နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကျင်းပ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသ ထားကြောင်းသိရသည်။
တာချီလိတ်မြို့တွင်အလုပ်လုပ်ကိုင်လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကို လွှဲပြောင်း ပို့ဆောင်ပေး
Jun 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့တွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံ အမျိုးသား ၂ဦးနှင့်အမျိုးသမီး ၃ ဦးစုစုပေါင်း ၅ ဦးကိုမြန်မာတာဝန်ရှိပုဂ္ဂိုလ်မှ ယနေ့ နံနက် ၉ နာရီခွဲက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ကတစ်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။