ကိုကိုးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပေးနှိုးဆော်
Oct 23,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယိနိုင်ရန်အတွက် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် နေအိမ်ပြင် ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက တစ်ဦး(သို့)နှစ်ဦးခန့်သာ သွားရောက်ကြရန်တို့အား ယနေ့နံနက်ပိုင်း ၉ နာရီ အချိန် တွင် လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများနှင့် မြို့နယ်ရုံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက် ဦးစီးဌာနဝန်ထမ်းများမှ အများပြည်သူများသို့ Hand Speaker များအသုံးပြု၍ အသိပေးနှိုးဆော်ခဲ့ကြသည်။