မချမ်းဘော့ အောက်တိုဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဆီမီးများ ထွန်းညှိခြင်း၊ ကောင်းမှုလုံတောင်ဘက်မုခ် မလိခမြစ်ကမ်းဘေး၌ ဆီမီးများရေမျေှာပူဇော်ခြင်းကို ယမန်နေ့ည(၆)နာရီတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေး ရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့မှ မချမ်းဘော့မြို့နယ် ကောင်းမှုလုံကျေးရွာအုပ်စု ကောင်းမှုလုံကျေးရွာ၌ တည်ထားကိုးကွယ်လျက်ရှိသော ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ကောင်းမှုလုံစေတီတော်တောင်ဘက်မုခ် မလိခမြစ်ကမ်းဘေး၌ ဆီမီးများရေမျေှာ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆီမီးထွန်းညှိပူဇော်ရန်လာရောက်ကြသည့် ဧည့်ပရိသတ်များအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် စစ်ဗျူဟာမှူးတို့မှ အာဟာရဒါနပေါင်မုန့်များ ပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။