ထီးလင်း အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက် ၈ နာရီမှစ၍ ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး နေရာများ၌သာ နေရာချထားပေးခြင်း၊ ငွေထုတ်ကောင်တာများ စနစ်တကျသတ်မှတ်၍ ပင်စင်လစာများကို ထုတ်ပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အလှည့်ကျ ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထီးလင်းမြို့နယ်တွင် ပင်စင်(အငြိမ်းစား) ဝန်ထမ်းဦးရေ (၃၄၉) ဦးရှိကြောင်း ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်စည်