သတင်းများ

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ထပ်မံတွေ့မှု မရှိ၊ ၁၄ ဦး ပြန်လည်ကျန်းမာလာ
Oct 24,2021
ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ‌တွေ့လူနာသစ် ထပ်မံတွေ့ရှိမှုမရှိဘဲ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၊ ညောင်ချောင်းပွေးစုကျေး ရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 24,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီက ညောင်ချောင်းပွေးစု ကျေးရွာအုပ်စု၊ မဟာဓမ္မဂန္ဓာရုံ​ ကျောင်းတိုက် ဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မန်းရွှေစက်တော်ဘုရားကြီး၌ ဓါတ်လှေကားဆောက်လုပ်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး
Oct 24,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားကြီး၌ ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge)   ဆောက်လုပ်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Oct 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရန်အတွက် စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen Plant စက် မင်းတုန်းမြို့သို့ ရောက်ရှိ
Oct 24,2021
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာများနှင့် အခြားလူနာများ ဆေးဝါးကုသမှုပေးရာတွင် Oxygen လိုအပ်ချက် အထောက်အကူပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen Plant(30M³/hr) စက်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မင်းတုန်းမြို့သို့ ရောက်ရှိလာရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့ဝက်များက စက်အား နေရာချထားနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ်၌ အသက်( ၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူ (၁၄၂၄)ဦး တို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်
Oct 24,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ အသက် (၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူ (၁၄၂၄)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘူးသီးတောင် မြို့နယ်အတွင်းရှိ သတ်မှတ်စုရပ် အသီးသီးတို့၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင်လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ  Talk  Show   ဆောင်ရွက်
Oct 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၁) နာရီက လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင်  မသန်စွမ်းသူများနှင့် ပတ်သက်သည့်   အသိပညာပေးဆွေးနွေးပွဲ  Talk  Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Oct 24,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို အ.ထ.က (၁) ကန့်ဘလူ ၊ အ.ထ.က ဇီးကုန်းနှင့် အ.ထ.က ထန်းကုန်း စုရပ်များ၌ ယမန်နေ့က ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။