သတင်းများ

ရွှေကျင်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် တောင်ဘက် ကျေးရွာတောင်ဘက် သုဿန်ဘုန်းကြီးကျောင်း‌ဘေးတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်၂၁ ရက် နံနက် ၉ နာရီမိနစ် ၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 21,2021
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်းများက ယနေ့ မွန်းလွဲ ပိုင်းတွင် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဥတ္တရခရိုင် စုပေါင်းရုံးရှိ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့သည်။
တောင်သာမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးညှိနှိုင်းဆွေးနွေးပွဲကို  မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့  ဥက္ကဋ္ဌဦးဟန်သူရနှင့်မြိုနယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ  တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြင်ဦးလွင်မြို့၌ စာဖတ်ဝိုင်းကျင်းပ
Jun 21,2021
ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ( ၁၀ ) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ နှင့် (Book Club)အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ကျောက်တံခါးမြို့နယ်တွင် နွေရာသီအားကစား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က အ-ထ-က(ခွဲ) အနောက်ရပ်၊ စံပယ်ဆောင်၌ ကျင်းပခဲ့သည်။
ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသိပညာ​ပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့တွင်း လူစည်ကားရာ​နေရာများ၊ လမ်းဆုံ​နေရာများတွင် ယနေ့ နံနက်ပိုင်းက အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်စောင့်ကြည့်ရေး ကော်မတီထံမှ သိရသည်။
လားရှိုး၌ (၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲ ဝိဒူတန်း ကျင်းပ
Jun 21,2021
လားရှိုးမြို့ လမ်းမတော်လမ်း သာသနာဗိမာန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်ကစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊(၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲ ဝိဒူတန်းကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် မိုးသီးနှံများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်တွင် သဲကုန်းမြို့နယ်အတွင်း မိုးသီးနှံများ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။