ပွင့်ဖြူမြို့နယ်မှ ရိုးကုန်းကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်း ဆောင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ

ပွင့်ဖြူ  အောက်တိုဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲက မုန်းရေချောင်းတိုက်စားမှုကြောင့် ကမ်းပါးပြို ကျမှုဖြစ်ပွားခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မုန်းချောင်းရေမြင့် တက်ပြီး ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ သည့်အတွက် ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် အလွန်နီးကပ် လာသဖြင့် ကျေးရွာနေပြည် သူများက ကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရပြီး အဆိုပါကမ်းပြိုကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိ ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)