မင်းဘူး (စကု) မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံ

မင်းဘူး အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-2 ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမနှင့် စကု(..က) ကျောင်းတို့တွင် ယမန်နေ့က (၈၄၈) ဦး လာရောက်ထိုးနှံခဲ့ကြောင်း  မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူများအား ဒုတိယအကြိမ်အဖြစ် Sinopharm အမျိုးအစား ကာကွယ်ဆေးများကို နေ့စဉ် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီ အချိန်အထိ သတ်မှတ်ဆေးထိုး စုရပ်များတွင် ဆက်လက် ဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာ ၁၇ ရက်နေ့က ၈၈၅ ဦး၊ ၁၈ ရက်နေ့က ၉၇၂ ဦး၊ ၁၉ ရက်နေ့က ၁၀၉၂ ဦး၊ ၂၁ ရက်နေ့က ၁၄၇၂ ဦးနှင့် ၂၂ ရက်နေ့က ၈၄၈ ဦး၊ စုစုပေါင်းလာရောက်ထိုးနှံသူ (၅၂၆၉)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီ ကာကွယ်ဆေးထိုးမှတ်တမ်းများအရ သိရသည်။

မောင်မောင်(မင်းဘူး)