မုဒုံ အောက်တိုဘာ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်၌ ဒေသခံပြည်သူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးသည်။
ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရာ ကမာဝက်မြို့ စိန်တောင်ရပ်ကွက်ရှိ ဒေသခံပြည်သူ (၃၀၀) ကျော်ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ (၂) ရက်ကြာ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးသည်။
မုဒုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရမည့် လူဦးရေ (၂၂၂၄၈) ဦး လျာထားကြောင်း ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ သတ်မှတ်ကာလအထိ ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း မြို့နယ်ဦးစီးမှူးရုံးထံမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)