ရန်ကင်း အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဘောက်ထော်ဈေးနှင့် ကဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ မြို့နယ်နေ ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ယနေ့နံနက်(၇)နာရီမှ စတင် ရောင်းချပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံဆန်ကုန်သည် ကြီးများအသင်းမှ ဆန်ချော (၅)ပြည်အိတ် (၁)အိတ်လျှင် (၈၅၀၀)ကျပ်နှုန်း၊ ဆန်ကြမ်း(၅) ပြည်အိတ် (၁)အိတ်လျှင် (၅၀၀၀) ကျပ်နှုန်း၊ ဆီ (၅၀)ကျပ်သား (၁)ဘူးလျှင် (၁၈၅၀)ကျပ်နှုန်းနှင့် ကြက်ဥ(၁၀)လုံး (၁)ကဒ်လျှင် (၁၃၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ဆန်ချော (၈၀)အိတ်၊ ဆန်ကြမ်း (၆၀)အိတ်၊ ဆီ (၁၂၀)ဘူးနှင့် ကြက်ဥ (၄၉)ကဒ်တို့ကို မြို့နယ်နေပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အေးအေးသွယ်