ရေနံချောင်း အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် မန်ကျည်းတောရပ် ဓမ္မာရုံ လမ်းနေ ဒေါ်မာမာစန်း(၅၂)နှစ် (ဘ)ဦးမြဟန်၏ နေအိမ်တွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲရှော့ဖြစ်ကာ အနီးရှိထရံမှတဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ညောင်လှနယ်မြေမီးသတ် စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝဏ္ဏဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ် ရေသယ်ယာဉ် (၃)စီးဖြင့် ရေဂါလံ ၂၀၀၀ ခန့်အသုံးပြု ငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရိစာ္ဆန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ၆ ဦး မီးဘေး သင့်ခဲ့ပြီး နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွေ့နေထိုင် လျက်ရှိကာ နေအိမ်ပိုင်ရှင် ဒေါ်မာမာစန်း(၅၂နှစ်အား ရေနံချောင်း မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုစိုးကြီး