သတင်းများ

ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
Oct 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ်(၁၈၆/၂၀၂၁)ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂ ဦး အား အောက်တိုဘာ ၁၉ ရက်က လွှတ်ပေးခဲ့ကြောင်းသိရသည်။
မကွေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသခံပြည်သူများအား ထောက်ပံ့ငွေ များနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဒေသခံလက်ဝယ်ပြည်သူများအရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့နံနက် ပိုင်းမှစ၍ စတင်ထိုးနှံပေး နေကြောင်း ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဂန့်ဂေါတွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် မြစ်သာမြစ်ရေမြင့်တက်
Oct 20,2021
ဂန့်ဂေါမြို့နယ်တွင် ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ဒေသအတွင်း စီးဆင်းသည့် ချောင်းများ၊ တောင်ကျချောင်းများ ရေမြင့်တက်လျက်ရှိသည့်အပြင် ဂန့်ဂေါမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မြစ်သာမြစ်ရေမှာလည်း မြင့်တက်လျက်ရှိသည်။
စစ်ကိုင်းတောင်ရိုးနှင့် မြို့မတိုက်နယ်အတွင်းရှိ သံဃာတော်/သီလရှင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Oct 20,2021
စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးနှင့် မြို့မတိုက်နယ်အတွင်း ၂၀၂၁ခုနှစ် ဝါဆိုသံဃာ/ သီလရှင် စုစုပေါင်း(၁၉၉၆၀)ပါးရှိပြီး အသက်(၁၈)နှစ်အထက် ရဟန်းသံဃာ(၆၆၃၈)ပါး၊ သီလရှင်ဆရာကြီး/ ဆရာလေး(၃၄၀၀)ပါး၊ စုစုပေါင်း(၁၀၀၃၈)ပါး သတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဆည်တမံများတွင် ရေကင်းများ စဉ်ဆက်မပြတ် စောင့်ကြည့်ဆောင်ရွက်
Oct 20,2021
မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အောက်တိုဘာလလယ်အတွင်း မိုးရွာသွန်းမှုများခြင်း ကြောင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ရုံးမှ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် ဆည်တမံများ ပျက်စီးထိခိုက်မှုမရှိစေရေး ရေကင်းများ စောင့်ကြည့်ပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရှိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိရာ (၃)ရက်မြောက်နေ့အထိ (၄၀၂၈) )ဦး ထိုးနှံပြီးစီး
Oct 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ကို မြို့နယ်အတွင်း ဆေးထိုးစုရပ် (၁၀) ခု ဖွင့်လှစ်၍ ထိုးနှံပေးလျှက်ရှိရာ အောက်တိုဘာ(၁၉)ရက်နေ့အထိ စုစုပေါင်း(၄၀၂၈)ဦး ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်း ဈေးဝယ်များကို ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိ စစ်ဆေး
Oct 20,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ချထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့မမင်္ဂလာဈေးနှင့် ကျောက်တိုင်ကွင်း ယာယီဈေးတို့၌ ရောင်းချလျက်ရှိကြသည့် ဈေးသည်များနှင့် ဈေးဝယ်သူ ၇၉၅ ဦးကို  RDT Test Kit ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။