သတင်းများ

ဒေါပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 21,2021
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   ခရိုင်စာအုပ် စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့၊ စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင် များက ယနေ့မွန်းလွဲ(၁)နာရီတွင် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလို ချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံ (၂)ရုံတို့၌ Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေး ရုံ(၂)ရုံတို့တွင် ယနေ့နံနက် ၉ နာရီ အချိန်ကစပြီး Covid-19 ရောဂါကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
လပွတ္တာခရိုင်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်းလက်ရှိ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှုစောင့်ကြည့်စစ်ဆေးခြင်းနှင့် RDT Test Kit စစ်ဆေးခြင်းဆောင်ရွက်
Jun 21,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှု စောင့်ကြည့်စစ်ဆေးခြင်းနှင့် RDT Test Kit စစ်ဆေးခြင်းကို ယနေမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေ စစ်ဆေးကုသနိုင်ရေးအတွက် HLDO အဖွဲ့အစည်းမှ RDT Test Kit နှင့် ဆေးဝါးများ ဒုတိယအကြိမ်ထောက်ပံ့လှူဒါန်း
Jun 21,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အခြေချရုံးဖွင့်လှစ်ထားရှိသည့် ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization- HLDO)မှ ရိခေါ်ဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေစစ်ဆေးကုသနိုင်ရေးအတွက် RDT Test Kit များနှင့် ဆေးဝါးများကို ယမန်နေ့က ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 21,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၁ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၂)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေနေရာတွင် ကျင်းပပြုလုပ် ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မင်းဦနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့် အဖွဲ့ဝင်များ၊ ဝိုင်းမော်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မြိတ်မြို့တွင် နိကာယ်စာမေးပွဲ ကျင်းပ
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိကာယ်စာမေးပွဲကို မြိတ်စာဖြေဌာနအဖြစ် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၂၁)ရက် နေ့လယ်ပိုင်းမှ စတင်၍ ကျင်းပလျက်ရှိရာ သံဃာတော် နှင့် သီလရှင်များ ဝင်ရောက် ဖြေဆိုလျက် ရှိကြသည်။