မိုင်းဆတ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့်ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ဘဝတစ်ခုစီမံမှု” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လူငယ်များ စာဖတ် သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ဘဝတစ်ခုစီမံမှု” စာအုပ်ထဲမှ ပိုကောင်းတဲ့အနာ ဂတ်ရှိစေရန် မိမိတို့စိတ်ကူးအိမ်မက်နှင့် ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုကြောင်း၊ ထိရောက်သည့်ပန်းတိုင်ချမှတ် ခြင်းသည် အောင်မြင်မှုရရှိစေကြောင်း၊ အောင်မြင်မှုရရှိလိုပါက မိမိတို့အိမ်မက်၊ ရည်မှန်းချက်များကို တွန်းအားပေးလုပ်ဆောင်ရန် လိုကြောင်း စသည့်အချက်များကို စာအုပ်စာပေချစ်မြတ်နိုးသူအသင်းဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များ မေးမြန်းကြရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။