မြိတ်မြို့နယ်တွင် အခြေခံပညာ အထက်တန်း/အလယ်တန်း ကျောင်းသား/သူများအား ကိုဗစ် ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံပေး

 

မြိတ်  အောက်တိုဘာ   ၁၈

 

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် ရောဂါ ကာကွယ်ဆေးထိုးကြစို့ ” ဆောင်ပုဒ် အတိုင်း ကျောင်းသား/သူများအား နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေး Sinovac ကို နိုင်ငံတစ်ဝန်း ထိုးနှံပေး လျက်ရှိရာ မြိတ်မြို့နယ်ရှိ ကျောင်းသား/သူများအား ယနေ့တွင် ဆေးထိုး စုရပ်ကျောင်း(၄)ကျောင်း၌ ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

ကျောင်းသား/သူများအား ကိုဗစ်ရောဂါကာကွယ်ဆေး ဆေးမထိုးမီ မိဘအုပ်ထိန်းသူများကို ဆေးထိုးပေးခြင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက အသိပေး သဘောတူလက်မှတ်ရေးထိုး၍  ကျောင်းသား/သူများအား ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကမ်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိ သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးလာ ရောက်ထိုးပေးကြသည့် မိဘအုပ်ထိန်းသူများနှင့် ကူညီဆောင်ရွက် ပေး နေသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

 

ကိုဗစ် ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ဆေးထိုးစုရပ်အထကကျောင်း (၄)ကျောင်းတွင် ကျောင်း(၁၄) ကျောင်းမှ ကျောင်းသား/သူ(၁၁၈၃)ဦးအား စတင်ထိုးနှံ ပေးခဲ့ပြီးဖြစ်ကာ ယနေ့တွင် အထက(၆)၊ အထက(၇)၊ အထက(၈)၊ အထက(၉) ကျောင်းများတွင် ကျောင်း(၁၁) ကျောင်းမှ ကျောင်းသား/သူများအား  ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ မြိတ် မြို့နယ်၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းစာသင်ကျောင်း (၇၈)ကျောင်းရှိ အသက် (၁၂)နှစ်အထက် ကျောင်း သား/သူ(၈၃၁၁)ဦးအား ဆေးထိုးစုရပ် ကျောင်း(၂၄)ကျောင်းတွင် ဆေး ထိုးအဖွဲ့(၈)ဖွဲ့ဖြင့် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး