နမ္မတူမြို့နယ်၌ ပြည်နယ်ထောက်ပံ့ငွေကျပ် သန်း (၅၀၀၀)မှ လုပ်ငန်းပြောင်း ခွဲဝေချထားပေးသော ခွင့်ပြုငွေကျပ် ၄၁၃ သိန်းကျပ်ဖြင့် ဆောင်ရွက်သည့် သပြေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

နမ္မတူ  အောက်တိုဘာ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ထောက်ပံ့ငွေကျပ် သန်း (၅၀၀၀)မှ လုပ်ငန်းလွှဲပြောင်း ခွဲဝေချထားပေးသော ခွင့်ပြုငွေကျပ် ၄၁၃ သိန်းကျပ်ဖြင့် ဆောင်ရွက်သော ပန်ဟိုက်ရပ်ကွက် (၄)ရှိ သပြေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

အဆိုပါ လုပ်ငန်းလွှဲပြောင်း ဆောင်ရွက်သောလမ်းမှာ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၄)ရှိ သပြေလမ်းဖြစ်ပြီး၊ လမ်းအရှည်  ၁၀၀၀ ပေ၊ အကျယ် ၁၅ပေနှင့် ထု (၁၅)လက္မရှိ မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းအား ဩဂုတ်လ (၁၄)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယုခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ခေတ္တ အမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းက ပြောသည်။

ထိုသို့ သပြေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် နမ္မတူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ သွားရေး/လာရေးအဆင်ပြေလျက်ရှိပြီး ဝမ်းသာပျော်ရွှင်လျက် ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)