တောင်ကုတ် အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့အခြေပညာကျောင်းများ၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး Sinovac အား အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသားကျောင်သူများအား ယမန်နေ့နံနက် ၈ နာရီခွဲက ကံပိုင်ရပ်ကွက် အထက(၃)ကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများ ၌စတင်ထိုးနှံ ပေးလျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော Sinovac အမျိုးအစားဆေးဖြစ်ပြီးပထမအကြိမ် အထက(၃)ကျောင်း (၂၉၇) ဦး၊ အထကမအီ(၁၀၀၂)ဦး အထက(ခွဲ)သက္ကယ်ကျွန်း (၃၉၃)ဦး အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်ထိစုစုပေါင်း (၁၆၀၄) ဦးအား ကိုဗစ်-၁၉ ကာကွယ် ဆေးပထမအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စန်းဝင်း(မြို့နယ်ပြန်ဆက်)