မိုင်းယန်းမြို့တွင် ကိုဗစ်အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ(၁၀၉)ဦးထိရှိလာ

မိုင်းယန်း အောက်တိုဘာ       ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့က ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရကိုဗစ်အတည်ပြုလူနာများသည် နေအိမ်၌ ၁၀ ရက်ကြာ Stay At Home ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၁၁၈)ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၀၉)ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)