အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေး

အင်တော အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-2 ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက စတင်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အင်တောမြို့ အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူများအား ဒုတိယအကြိမ်အဖြစ် Sinopharm အမျိုးအစား ကာကွယ်ဆေးများကိုသတ်မှတ်စုရပ်တွင် လာရောက်ထိုးနှံသူ (၇၅၅) ဦးရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီ ကာကွယ်ဆေးထိုး မှတ်တမ်းများ အရ သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်လူမှုရေးအသင်းအဖွဲ့များက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)