ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ထပ်မံတွေ့မှု မရှိ၊ ၁၄ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး  အောက်တိုဘာ ၂၄

ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ‌တွေ့လူနာသစ် ထပ်မံတွေ့ရှိမှုမရှိဘဲ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။  

သံသယရှိသူ ၁၆  ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့ရှိသူ မရှိခြင်းဖြစ်သည်။

ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၂၅၈ ဦး၊  ဆေးရုံဆင်းခွင့် ရသူ ၁၁၂၂ ဦး၊ သေဆုံးသူ ၃၈ ဦး၊ ဆေးကုသမှုခံယူဆဲ ၉၈ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)