မိုးမိတ် အောက်တိုဘာ ၂၄
မိုးမိတ်ခရိုင် မိုးမတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ကိုင်ဆောင်လက်မှတ် မရှိသေးသော ဒေသခံတိုင်းရင်းသားပြည်သူများအား ဥပဒေအရ ကိုင်ဆောင်သင့် သော လက်မှတ်တစ်မျိုးမျိုးရရှိစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မန်ပတ်ကျေးရွာ ဘုန်းကြီးကျောင်းဇရပ်၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ သည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားအသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပျောက်ဆုံး သူများအား အသစ်ပြန်လုပ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ကို မေလ ၃ ရက်စတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြေစိုက် ပိုစတာများ စိုက်ထူခြင်းစသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးရုံးမှ သိရသည်။
မိုးမိတ်သား (ခရိုင်ပြန်/ဆက်)