မွန်ပြည်နယ်တွင် အသက် (၁၂) နှစ်နှင့် အထက်ကျောင်းသား၊ ​ကျောင်းသူ(၇)သောင်းကျော် ကိုဗစ်- ၁၉ ​ကာကွယ်​ဆေးထိုးနှံ​ပေး​မည်

 

 

​​​​မော်လမြိုင်     အောက်တိုဘာ          ၁၈

 

မွန်ပြည်နယ်တွင်  ကိုဗစ်- ၁၉ ကာကွယ်​ဆေးများကို ဦးတည်အုပ်စု၊ ဦးစားပေးအုပ်စုအလိုက် မြို့နယ်များတွင် ထိုးနှံ​ပေးခဲ့ပြီးဖြစ်သကဲ့သို့   “ကျောင်း​နေအရွယ်က​လေးတိုင်း   ကျန်းမာ​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့  ကိုဗစ်- ၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးကြပါစို့”    ​ဆောင်ပုဒ်နှင့်အညီ   အသက် (၁၂)နှစ်နှင့်အထက်  အ​ခြေခံပညာအထက်တန်းနှင့်  အလယ်တန်းအဆင့်  ကျောင်းသား၊ ​ကျောင်းသူ များကိုယနေ့နံနက်၉နာရီက ကိုဗစ်- ၁၉ ​ကာကွယ်​ဆေး(Sinovac)ထိုးနှံ​ပေး​လျက်ရှိရာ မွန်ပြည်နယ်  ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများနှင့်   ဌာနဆိုင်ရာအလိုက်  တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ အမှတ်(၉)အ​ခြေခံပညာ အထက်တန်း​ကျောင်းသို့  သွား​ရောက်ကြည့်ရှု  အားပေး သည်။

 

ရှေးဦးစွာ    ပြည်နယ်ဝန်ကြီးချုပ်က   တာဝန်ရှိသူများအား    အ​ခြေခံပညာ အထက်တန်းနှင့်  အလယ်တန်း ကျောင်းသား၊ ​ကျောင်းသူများကို  ကာကွယ်ဆေး ထိုးနှံနိုင်ရေးအပေါ် ဝိုင်းဝန်းပူး​ပေါင်း  ဆောင်ရွက်​ကြ​စေလို​ကြောင်း၊  ကျန်းမာ​ရေးဝန်ကြီးဌာန၏   ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်

များနှင့်အညီ ​လိုက်နာ​ဆောင်ရွက်ကြ​စေလို​ကြောင်း  လမ်းညွှန်မှာကြားပြီး အမှတ် (၈) အ​ခြေခံပညာ အထက်တန်း​​ကျောင်းတွင်   ကာကွယ်​ဆေး ထိုးနှံ​ပေး​မှုကို ကြည့်ရှုအားပေး၍   လိုအပ်များပေါင်းစပ် ညှိနှိုင်းပေးသည်။ 

 

မွန်ပြည်နယ်အတွင်းရှိအသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် အ​ခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းနှင့်   ဘုန်း​တော်ကြီးသင် ပညာ​ရေး​ကျောင်း၊  စုစုပေါင်း(၆၆၃) ​ကျောင်းရှိကာ  မြို့နယ် (၁၀) မြို့နယ်တွင် စုရပ် (၁၄၀)သတ်မှတ်၍ကာကွယ်​ဆေးထိုးအဖွဲ့(၃၅)ဖွဲ့တို့ဖြင့် ​ကျောင်းသား၊ ​ကျောင်းသူ ခုနှစ်သောင်း​ကျော်အား  ကိုဗစ်-၁၉ကာကွယ်​ဆေးများ  ဆက်လက်   ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)