သထုံ အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သန်းသန်းစိုးနှင့် ဒေါ်သက်နှင့်ပွင့်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးရည်ရွယ်ချက်၊ ပလပ်စတစ်၏ အဓိပ္ပါယ်၊ ပလပ်စတစ်ကြောင့်ဖြစ်ပေါ်လာသည့် ရေထု၊ မြေထု အစရှိသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဆိုးကျိုးများ၊ ပလပ်စတစ်ကြောင့် ဂေဟစနစ် ပျက်စီးမှုများ၊ ပလပ်စတစ် ညစ်ညမ်းမှုများမှတစ်ဆင့် လူသားများအတွက်ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ၊ ပလပ်စတစ်ကြောင့်ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ၊ ကြွပ်ကြွပ်အိတ်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ကာကွယ်သင့်သည်များ စသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်