ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၃)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

ပွင့်ဖြူ     အောက်တိုဘာ       ၁၈

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ  ၁၈ ရက် ၊ ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် မင်းမြေကျေးရွာတွင် မုန်းချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး  လူနေအိမ်(၃)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းပြီး မုန်းချောင်းရေမြင့်တက်မှုကြောင့် မင်းမြေကျေးရွာတွင် မုန်းချောင်း ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မုန်းချောင်းကမ်းပါးပြိုကျမှုမှာ လူနေအိမ်(၃)လုံးနှင့် နီးကပ်လျက်ရှိ၍ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် ယနေ့ နံနက်ပိုင်းက ကျေးရွာနေပြည်သူများ စုပေါင်း၍ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ ကြောင်း သိရပြီး အဆိုပါ မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များအား ယာယီတည်းခိုနေထိုင်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 ရဲဝင်းနိုင် ( ညောင်ဦး )