မြောက်ဦး အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာ ကျောင်းများတွင် ပညာသင်ယူနေသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဆရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းကို ယနေ့ နေ့လည် ၂ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိရီဟေမာန်မှ ယခုလို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ ကြောင်း သိရသည်။
မဌေးဝေမြင့်
(အသက်-၁၃နှစ်) အလယ်တန်းကျောင်းသူ
သမီးတို့ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးဖို့အတွက် ရပ်ကွက်တွေအရောက်လှည့် ကြော်ငြာပေးလို့ သိရပါကြောင်း၊ ယခု ဆရာ/ဆရာမတွေက စနစ်တကျအချိန်ပေးပြီး ကာကွယ်ဆေး ထိုး နှံပေးပါတယ်။ ပထမဦးဆုံး အပူချိန်တိုင်းတာပေးတယ်၊ ဒုတိအနေနဲ့ သွေးပေါင်ချိန်တိုင်းတာပေးပြီးနောက် အမည်၊ အသက်နှင့်မိဘအမည်တွေကို ဆရာမတွေဆီ စာရင်းပေးသွင်းရပါတယ်။ ပြီးနောက် ကျန်းမာ ရေးဌာနမှ ဝန်ထမ်းတွေက သမီးတို့ကို ကာကွယ်ဆေးများ စတင်ထိုးနှံပေးပါတယ်။ ပထမအကြိမ် ဆေး ထိုးနှံပေးပြီးကြောင်း တံဆိပ်ရိုက်နှက်ပေးတယ်၊ မိနစ် (၃၀) နားခိုင်းပြီးမှ မိမိနေအိမ်သို့ ပြန်ခိုင်းပါတယ်။ ဆေးမထိုးခင်မှာ ကြောင်စိတ်တော့ရှိတာပေါ့၊ ဆေးထိုးနှံပြီးမှ အေးအေးဆေးဆေးဖြစ်သွားပါတယ်။ ယခုလို သမီးတို့တွေကို ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန နှင့်ဆရာ/ဆရာမများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဦးသိန်းကျော်ဦး
ကျောင်းသားမိဘ(မြို့သစ်ရပ်ကွက်)
ကျွန်တော်ကတော့ သမီးလေးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံပေးတာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ သမီးလေးကတော့ အ-ထ-က(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ယူနေတဲ့ အလယ်တန်းကျောင်းသူလေး တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားရတော့ ပညာသင်ယူချိန်နှင့်စာတွေနောက်ကျပြီး ကလေးတွေ အတွက် ပညာသင်ယူခွင့်တွေ နှစ်နာဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။ ယခုလို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးတဲ့အတွက် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ပါစေလို့ ကျွန်တော်အနေနဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ ကာကွယ်ဆေးထိုးနှံပေးပြီးသွားရင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရပါအုံးမယ်။ အခြားသော မိဘများအနေဖြင့် မိမိတို့ရဲ့ သားသား/မီးမီး တွေကိုလည်း ကာကွယ်ဆေးလာရောက်ထိုးနှံပေးကြဖို့အတွက်ကိုလည်း ကျွန်တော်အနေနှင့် တိုက်တွန်း လိုက်ရပါတယ်။
ဒေါ်ခင်နွယ်မြင့်
အ-ထ-က(၂)ကျောင်းအုပ်ဆရာမကြီး
အခြေခံပညာ အထက်တန်းကျောင်း အ-ထ-က(၂)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်နွယ်မြင့်က ကျောင်း သား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်အတွက် ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ကိုဗစ်ရောဂါကာကွယ် ဆေးထိုးနှံ ကြပါစို့ ဆိုသည့် ရည်ရွယ်ချက်အတိုင်း အသက်(၁၂)နှစ်အထက် အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား/ ကျောင်းသူများအား သတ် မှတ်ဆေးထိုးစုရပ်နေရာများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံပေးသည့်အတွက် နိုင်ငံတော်အစိုးရ နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံကိုလည်း ဆရာ/ ဆရာမများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)