မြောက်ဦး အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာ ကျောင်းများတွင် ပညာသင်ယူနေသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဆရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်ထွန်းမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်၏ အစီစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံ မေးမြန်းရာတွင် အလယ်တန်းကျောင်းသူ မသိန်းတန်ဦးအား တွေ့ဆုံမေးမြန်းရာ၌ ယခုလိုနိုင်ငံတော် အစီစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဝန်ထမ်း များမှ အခြေခံပညာကျောင်းများအလိုက် ကာကွယ်ဆေးလာ ရောက်ထိုးနှံပေးသည့်အတွက် များစွာ ဝမ်းမြောက်ပီတီဖြစ်ရပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ် အေးချမ်းသာယာစွာဖြင့် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် အဖက်ဖက်မှဝိုင်ဝန်းကူညီပေးကြသူများအား အထူးပင်ကျေး ဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍ ကျောင်းသား/ကျောင်းသူ မိဘများ၏ ကိုယ်စား ကျောင်းသူတစ်ဦး၏ မိဘအုပ်ထိန်းသူတစ်ဦးဖြစ်သည့် ကဒဝကျေးရွာနေ ဒေါ်ဘုမက နိုင်ငံတော်အစီစဉ်ဖြင့် အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိမိတို့၏ သား/သမီးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ မိသားစုနှင့်မိမိပတ်ဝန်း ကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးကာကွယ်ရန် နိုင်ငံတော်အနေဖြင့် ယခုလို ကိုဗစ်ကာကွယ် ဆေးများအား လာရောက်ထိုးနံပေးသည့်အတွက်များစွာဝမ်းသာမိပါကြောင်း၊အခြေခံပညာ အထက်တန်း ကျောင်း အ-ထ-က(၁)မှ အထက်တန်းပြ ဆရာမဒေါ်အေးခိုင်နုမှလည်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ရောဂါကာကွယ် ဆေးထိုးနှံကြပါစို့ဆိုသည့် ရည် ရွယ်ချက်အတိုင်း အသက်(၁၂)နှစ်အထက် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သတ် မှတ်ဆေးထိုးစုရပ်နေရာများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ပထမအကြိမ်စတင်ထိုးနှံပေးသည့်အတွက် ဆရာ/ ဆရာမများကိုယ်စား အထူးပင်ကျေးဇူးတင် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)