ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆော်

ဝေါလေမြိုင် အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အသက်(၁၂)နှစ်အထက် ကလေးငယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည့်အတွက် ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန် အသက်(၁၂)နှစ်နှင့် အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြရန် (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပေးနှိုးဆော်မှုများအား နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)