ကံမမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကံမ  အောက်တိုဘာ  ၁၈

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)အား ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကံမမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက်  အခြေခံပညာအလယ်တန်း အထက်တန်း ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများမှာ အထက်တန်းကျောင်း၊အလယ်တန်းကျောင်းများအား အဓိက ထား၍ ကံမ (..က) ရေနံ့သာ (..က) စစ္စရံ (..က) ကျောက်စောင်း (..က) ကြို့ပင် (..က) နှင့် အင်းဘဲ (..က) အစရှိသည့် စုရပ် ၁၅ နေရာတွင် ကာကွယ်ရေးထိုးနှံအဖွဲ့()ဖွဲ့ဖြင့် အခြေခံပညာကျောင်း ၃၂ ကျောင်းမှ ကျောင်းသား ကျောင်းသူ  ၂၈၆၇ ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)