ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကျိုက်ဒုံ အောက်တိုဘာ ၁၈


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယနေ့နံနက် ၈ နာရီက (ပြန်/ဆက်)ဦးစီးမှူးဦးကျော်လင်းနိုင်မှ အသိပညာပေး နှိုးဆော်မှု များ ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးမှုများ ဆောင်ရွက်ရာမှာ ပြည်သူ များအနေဖြင့် မိမိနေအိမ်များတွင်သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွါပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံ ပါရန်၊နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်စသည့် အသိပညာပေးနှိုးဆော်ချက် များအား လိုက်လံနိုးဆော်ပေးခဲ့ကြောင်း သိရသည်။


သန်းထွန်းနိုင်(ကျိုက်ဒုံ)