မြောက်ဦး အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာ အ-ထ-က(၁) ကျောင်းတွင် ပညာသင်ယူနေသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှကိုဗစ်ကာကွယ်ဆေးများ ပထမအကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးရာတွင် မြောက်ဦးမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းဦးဆောင်သော ကျန်းမာ ရေးဝန်ထမ်းများမှ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အခြေခံပညာအ-ထ-က(၁)မင်းသားကျွန်းတွင် ပညာသင်ကြားနေကြ သော အလယ်တန်း/အထက်အဆင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက် တရုတ်နိုင်ငံထုတ် (Sinopharm) ဆေးအား ပထမအကြိမ်ထိုးနှံပေးလျှက်ရှိရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ် ချုပ်ရေးမှူးများမှ ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေး ပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့်ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများ အား မိနစ် ၃၀ ခန့် အနား ယူစေခြင်း များအား စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် အထက်တန်းအဆင့်ကျောင်းသား(၂၄၁)ဦး၊ကျောင်းသူ(၂၄၇)ဦးရှိပြီး အထက်တန်းကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၄၈၈)ဦး အားလည်းကောင်း၊ အလယ်တန်းဆင့်ကျောင်းသား (၂၈၆)ဦး၊ ကျောင်းသူ(၃၀၆)ဦး စုစုပေါင်းအလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၉၂)ဦး စုစုပေါင်း အလယ်တန်း/အထက်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ (၁၀၈၀)ဦးအား ပထမ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများစတင်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)