အမာ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာ၌ အသက်အုပ်စုအလိုက်နှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် အရှေ့ဖျားကျေးရွာအထကကျောင်း(ခွဲ)၌ ကျန်းမားရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အသက်(၁၈)နှစ်အထက် ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ပြီး အလုပ်ရုံအလုပ်သမားများအားဦးစားပေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်း ချက်များ နှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးပြီး အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ နယ်မြေခံတပ်ရင်းမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရှိ တာဝန်ရှိ သူများက လိုအပ်သည် များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အမာ (ပြန်/ဆက်)