ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ဒုတိယနေ့အဖြစ် ဆက် လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆင်ပေါင်ဝဲ မြို့ နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများက ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် အသက်(၁၂)နှစ်နင့်အထက် ကျောင်းသား၊ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန် ဆေးအလုံးရေ (၁၉၂၀)လုံးရရှိထားပြီး ဆေးတစ်လုံးလျှင် (၂)ဦးနှုန်း ထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ချိုချိုဝင်း