သရက် အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့ နံနက် ၉ နာရီ က သတ်မှတ် စုရပ်နေရာများဖြစ်သော အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်(၁၈)နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူ (၄၃၆၄)ဦးတို့အား အခြေခံပညာကျောင်းများဖြစ်သော အ-ထ-က(၁)၊ ကြာကန်ကျေးရွာ အ-ထ-က၊ ပုဏ္ဏားကျေးရွာ အ-ထ-က၊ တလပါးကျေးရွာ အ-ထ-က၊ ဘော်ကျေးရွာ အ-ထ-ကနှင့် အလပ်လယ်ကျေးရွာ အ-ထ-က တို့တွင် ဆေးထိုးအဖွဲ့ (၆) ဖွဲ့ခွဲ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinovac) ဆေးအမျိုးအစားကို တစ်ပြိုင်နက် ထိုးနှံပေးခဲ့ခြင်းဖြစ်ရာ အောက်တိုဘာ ၁၇ ရက်နေ့က ကျောင်းသား၊ ကျောင်းသူ (၂၅၀၂) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)