ကမမောင်း အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်သား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲမှစတင်၍ ကျန်းမာရေးဌာနမှဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့အတွင်းရှိ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းစာရင်းအရ (၁၇၉၄)ဦးရှိပြီး ဆေးထိုးစုရပ်များအနေဖြင့် အ.ထ.က(ကမမောင်း)၊ အ.လ.က(အုန်းတော)၊ အ.ထ.က(ကတိုင်တိ)တို့တွင် ဆေးထိုးစုရပ်သတ်မှတ်ထားပြီး ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ် ရေးအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ၄ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံမှ သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)