အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သက်၍ မိဘနှင့် ကျောင်းသားတို့၏ ရင်တွင်းပီတိ စကားသံများ

ကျိုက်လတ် အောက်တိုဘာ ၁၈

ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများကို ယနေ့ နံနက်၉နာရီက အထက(၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အခြေအနေနှင့်ပတ်သက်၍ ကျောင်းသား မိဘတစ်ဦးနှင့်‌ ပထမဆုံးကာကွယ် ဆေးထိုးခဲ့တဲ့ ကျောင်းသားတစ်ဦးတို့၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြလိုက်ရပါတယ်။

ဒေါ်မြင့်မြင့်မော်၊ ကျောင်းသားမိဘ( အမှတ်(၁)ရပ်ကွက်)

ကျွန်မကတော့ အထက(၁)မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတစ်ဦးရဲ့မိခင်ဖြစ်ပါတယ်၊ ယနေ့ အသက်(၁၂) နှစ် နှင့် အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမှာဖြစ်တဲ့အကြောင်း ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ ဆရာမတွေကကြိုတင် ဆွေးနွေးပြေားကြားခဲ့ပါတယ်။ ကျွန်မတို့ မိဘတွေ ကလည်း ကာကွယ်ဆေးထိုးနှံပေးမည့်အပေါ် ကြည်ဖြူစွာဘဲ ကျေနပ်စွာခွင့်ပြုကြောင်း လက်မှတ် ရေးထိုးပေး ခဲ့ပါတယ်၊ ကလေးတွေ ပညာရေးနောက်ကျနေမှာကိုလည်း စိုးရိမ်မိပါတယ်၊ ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် ဆရာနှင့်ကျောင်းသား ယုံကြည်မှုရှိစွာပညာသင်ကြားနိုင်မယ်လို့ ထင်မြင် မိပါတယ်၊ဒီနေ့ကာကွယ် ဆေးထိုးတဲ့ အခါ ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အောက်ဆီဂျင် တိုင်းခြင်းတွေ စစ်ဆေးပြီးပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးကို ထိုးပေးတာတွေ့ရပါတယ်။

ဒါ့ကြောင့် မိဘတစ်ဦးအနေနဲ့ ကလေးတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ယခုလို ထိုးနှံခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ကျွန်မတို့လို‌ကျောင်းသားမိဘများကလည်း သားသမီးများကာကွယ်ဆေး မထိုး ရသေးရင် ကာကွယ်ဆေးလာရောက်ထိုးနှံပေးကြဖို့ တိုက်ထွန်းပြောကြားလိုပါတယ်။

ဆက်လက်ပြီး ကျိုက်လတ်မြို့တွင် အသက်၁၂နှစ်နှင့်အထက်ကာကွယ်ကို ပထမဆုံးဆေးထိုးနှံခဲတဲ့ ကျောင်းသား လေး ကလည်း ယခုလိုပြောကြခဲ့ပါတယ်။

ကျွန်တော်အမည်က မောင်မင်းထက်ပိုင်ဖြစ်ပါတယ်၊ အထက(၁)ဒသမတန်း(A)မှာ ပညာသင်ကြားလျက် ရှိပါတယ်။ နေတာက ၂၄လမ်း၊ အမှတ်(၁)ရပ်ကွက်မှာနေထိုင်ပါတယ်ခင်ဗျာ့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှာ ဖြစ်တဲ့အကြောင်းကို အတန်းပိုင် ဆရာမကအကြောင်းကြားပေးတာ ဖြစ်ပါတယ်၊ ကျွန်တော်ရဲ့ မိဘတွေ ကလည်း ကျေနပ်စွာခွင့်ပြုကြောင်း လက်မှတ်ရေးထိုးပေးတဲ့အတွက် ကာကွယ်ဆေးလာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်၊ အသက်၁၂နှစ်နှင့်အထက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျွန်တော်က အရင်ဆုံးထိုးပေးခြင်း ခံရတဲ့အတွက် အလွန်ကိုဝမ်းသာရပါတယ်။‌ကိုဗစ်ရောဂါကြောင့်ကျောင်းတွေ ပိတ်ထားတော့စာလည်း မသင်ရ၊ သူငယ်ချင်းတွေနဲ့လည်းမဆုံရဖြစ်နေတော့ကျောင်းတွေ မြန်မြန်ဖွင့်စေချင်ပါတယ်၊ ကာကွယ်ဆေးထိုးနှံ ထားတဲ့အတွက် ကျွန်‌တော်တို့‌ ကျောင်းသားအချင်းချင်းတွေလည်း ယုံကြည်မှုရှိစွာ အခက်အခဲမရှိ ပညာသင်ကြား နိုင်မှာဖြစ်တာကြောင့် အခုလို့ကာကွယ်ဆေးထိုးခွင့်ရတဲ့အတွက်အားလုံးကို ကျေးဇူးတင် ပါတယ်ခင်ဗျာ။

အဆိုပါ အထက(၁)ကျောင်းတွင် အောက်တိုဘာလ(၁၇)ရက်နေ့တွင် ကျောင်းသား/သူ(၁၀၀)ဦး ကာကွယ် ဆေးထိုးနှံခဲ့ပြီး၊ အောက်တိုဘာလ(၁၈)ရက်နေ့တွက်(၁၀၀)ဦး ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရ သည်။

ဌေးဌေးလှိုင်