လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများသည် အမှတ်(၁၀) ရပ်ကွက်ရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းက "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများသည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ်(၁၀)ရပ်ကွက်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၈)ခုကို တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများအား ဆက်လက်ပေးအပ်ခဲ့သည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ဦးစီးမှူး ရုံးတွင်"လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့"ဆောင်ပုဒ်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ(ပြန်/ဆက်)