လယ်ဝေး အောက်တိုဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် အသက်(၅၅)နှစ်အထက် အသက်ကြီးသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ (၁၆)ရက်မှ စတင်ထိုးနှံပေး လျက်ရှိသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆေးအဖွဲ့များက လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ၊ အသက်(၅၅)နှစ် နှင့်အထက် အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ပြည်သူများအား စုစုပေါင်းလူဦးရေ (၈၃၂)ဦးကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများ ကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အသက်(၄၅)နှစ်မှ (၅၄)နှစ်အထိ အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို အောက်တိုဘာ(၁၇)ရက်မှ စတင်ထိုးနှံလျက်ရှိရာ ယမန်နေ့အထိ လူဦးရေ(၁၂၀၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)