နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ပုဗ္ဗသီရိ       ဇွန်   

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ပုဗ္ဗသီရိမြို့နယ်ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် သင်ကြားရေးသာမက ကျန်းမာရေးအနေနဲ့လည်း အားမနည်းရန်၊ ကိုဗစ်-၁၉စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ထားရှိရန်၊ မြို့နယ်အတွင်း ယာဉ်များ စည်းကမ်းတကျပြေးဆွဲရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ သစ်တော ပြုန်းတီးမှုမှကာကွယ်ရန်၊ ပြည်သူများဝင်ငွေရရှိရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် သစ်အစားထိုး ဝါးစိုက်ပျိုးရန်နှင့် ဝါးလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာရေး ဆောင်ရွက်သွားရန်၊ အသက်(၁၈)နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရေးနှင့် လုပ်ငန်းများအောင်မြင်ရန်ဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)