လေးမျက်နှာ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၁ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထွန်ယက် ထည့်သွင်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို စာရေးကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်(၃၁/၁) တောင်သူ ဦးသိန်းထွန်း၏ လယ်မြေတွင် ဆောင်ရွက် ခဲ့သည်။
လယ်ယာမြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ကာလတိုဖြင့် ဆွေးမြေ့လွယ်ပြီး သစ်စိမ်းသဘာဝမြေသြဇာရရှိနိုင်သည့် ပိုက်ဆံလျှော်စိုက်ခင်း စိုက်ပျိုးပြီး မြေဆီလွှာအတွင်းထွန်ယက်ထည့်သွင်းခြင်းဖြင့် သဘာဝမြေသြဇာများ လွယ်ကူစွာရရှိနိုင်သည်။ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးလျင်အပင်ပေါက်သည်မှ(၄၅)ရက်အတွင်းထွန်ယက်ထည့်သွင်းပါက အကောင်းဆုံးဖြစ်ပြီး ပုလဲဓါတ်မြေသြဇာ (၁)အိတ်မှ(၃) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓါတ်ကို ရရှိနိုင်ကြောင်း သိရသည်။
အဆိုပါတောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲကို ဟင်္သာတခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဩဝင်းမြင့်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းဆိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေ နှင့်ဝန်ထမ်းများ၊ ကျေးရွာများရှိ တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)