ဂန့်ဂေါ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ကုန်သွယ်လယ်ယာ လမ်းကိုဆက်သွယ်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းမှာအရှည်(၆၆၀)ပေ၊ အကျယ်(၁၂)ပေရှိလမ်းကို ထု(၈)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းဖြစ်ပြီး ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၇၃) သိန်းဖြင့် ဇွန်လ (၈) ရက်မှစတင် ဆောင်ရွက်နေခြင်းဖြစ်ကာ လုပ်ငန်းပမာဏ၏ (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ဇွန်လ(၃၀)ရက်တွင် လုပ်ငန်းများ ပြီးစီးနိုင် မည်ဖြစ်ကြောင်း သိရသည်။
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ စံချိန်စံညွှန်းမီဖြစ်ရေးနှင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်နှင့်အဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်လျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)